back

ပြည်တွင်း၌ ကုန်ကျစရိတ်မြင့်မားနေချိန် ကြံစျေးယခင်နှစ်အောက်လျော့၍ တောင်သူများစိုက်ရှုံးအခြေအနေကြုံလာ

Dec 21 • 5:43 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ ကုန်ကျစရိတ်မြင့်မားနေချိန် ကြံစျေးယခင်နှစ်အောက်လျော့၍ တောင်သူများစိုက်ရှုံးအခြေအနေကြုံလာ

ပြည်တွင်း၌စိုက်ပျိုးစရိတ်မြင့်မားနေသလို အထွေထွေကုန်ကျစရိတ်များ ယခင်ထက်မြင့်မားနေချိန်တွင် ယခုနှစ် ကြံ စျေးမှာ ယခင်နှစ်အောက်လျော့သောနှုန်းမျိုးဖြစ်နေ၍ ကြံစိုက်တေ...

ပြည်တွင်း၌စိုက်ပျိုးစရိတ်မြင့်မားနေသလို အထွေထွေကုန်ကျစရိတ်များ ယခင်ထက်မြင့်မားနေချိန်တွင် ယခုနှစ် ကြံ စျေးမှာ ယခင်နှစ်အောက်လျော့သောနှုန်းမျိုးဖြစ်နေ၍ ကြံစိုက်တောင်သူများ စိုက်ရှုံးအခြေအနေမျိုးကြုံ နေရ ကြောင်း ကြံစိုက်ပျိုးသူများကြားမှ သိရသည်။လွန်ခဲ့သော နှစ်က ကြံတစ်တန် စက်ရုံအရောက်စျေးအဖြစ် ၁၈၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်ကြား နှုန်း မျိုးဖြင့် စျေးကောင်းပေးဝယ်ယူခဲ့သော်လည်း ယခုနှစ်တွင် စက်ရုံအရောက်စျေး ၁၅၀,၀၀၀ ကျပ်မှ ၁၇၀,၀၀၀ ကျပ်ကြားနှုန်းမျိုးဖြင့် ဝယ်ယူနေခြင်းလည်းဖြစ်သည်။အခုက စိုက်ပြီးတော့ရှုံးနေတာ၊ စိုက်ပျိုးစရိတ်တွေက မနှစ်ကထက်မြင့်နေတဲ့အပြင် တခြားအထွေထွေ ကုန်ကျစရိတ် တွေကလည်း မြင့်နေတဲ့အချိန်မျိုးဖြစ်နေတော့ စိုက်သာစိုက်ပြီးအမြတ်မကျန်တဲ့ အနေအထားမျိုး ဆိုက်နေတာ”ဟု ကြံစိုက်ပျိုးသူတစ်ဦးက ပြောသည်။စျေးကွက်အတွင်းတွင် သကြားစျေးများမှာလည်း လွန်ခဲ့သောနှစ်က တစ်ပိဿာလျှင် ၅,၁၀၀ ကျပ်စျေး ဝန်းကျင်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် ဒီဇင်ဘာ ၁၅ ရက်ပေါက်စျေးအရ ၄,၁၀၀ ကျပ်ဝန်းကျင်နှုန်းဖြင့် ဘုရင့်နောင်ပွဲရုံ များအတွင်း စျေးဖွင့်၍ အရောင်းအဝယ်လုပ်ခဲ့ကြကြောင်း သိရသည်။

ယခုနှစ်တွင် တစ်နိုင်ငံလုံးသကြားစက်ရုံပေါင်း ၂၉ ရုံရှိသည်ဟု စိုက်ပျိုးရေးဦးစီးဌာနစာရင်းများ၌ ဖော်ပြထားပြီး ပို့ကုန်အရည်အသွေးရှိသော သကြားအဖြူ၊ ပြည်တွင်းသုံးသကြားညို၊ သကာရည်များကို ထုတ်လုပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ကြံကိုစစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၌ အများဆုံးစိုက်ပျိုးပြီး ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းတို့၌ ဒုတိယအများဆုံးစိုက်ပျိုးကြကာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီးတို့၌လည်း အနည်းငယ်စိုက်ပျိုးမှုရှိကြောင်း၊ အဆိုပါစိုက်ပျိုးရာဒေသများတွင် လတ်တလောအခြေ အနေများအရ စိုက်ပျိုးထုတ်လုပ်မှု လျော့ပါးခြင်းများရှိပြီး လွန်ခဲ့သော ၂၀၂၄-၂၀၂၅ ကြံရာသီတွင် ကြံတန်ချိန် ၅,၃၇၉,၅၇၇ တန်ကို ကြိတ်ဝါးနိုင်ခဲ့သလို သကြားထွက်ရှိမှု ၅၄၃,၆၆၃ တန်၊ တင်လဲရည် ၂၆၁,၈၉၅ တန် ထွက်ခဲ့ကြောင်းသိရသည်။


news-view-count-icon

31