back

Elon Musk ဟာ ဒေါ်လာ ၇၀၀ ဘီလီယံ ချမ်းသာတဲ့ ကမ္ဘာ့ပထမဆုံး လူသား ဖြစ်လာ

Dec 21 • 1:59 AM

breaking-news

မြန်မာ

ပြည်ပ

cover

Elon Musk ဟာ ဒေါ်လာ ၇၀၀ ဘီလီယံ ချမ်းသာတဲ့ ကမ္ဘာ့ပထမဆုံး လူသား ဖြစ်လာ

အမေရိကန် တရားရုံးတစ်ခုက စတော့ရှယ်ယာအခြေပြု ကြီးမားတဲ့ လစာခံစားခွင့်ကို ပြန်လည်အတည်ပြုပေးလိုက်ပြီးနောက်မှာ Tesla အမှုဆောင်အရာရှိချုပ် Elon Musk ဟာ ကမ္ဘာပေါ်မှာ ပ...

အမေရိကန် တရားရုံးတစ်ခုက စတော့ရှယ်ယာအခြေပြု ကြီးမားတဲ့ လစာခံစားခွင့်ကို ပြန်လည်အတည်ပြုပေးလိုက်ပြီးနောက်မှာ Tesla အမှုဆောင်အရာရှိချုပ် Elon Musk ဟာ ကမ္ဘာပေါ်မှာ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၇၀၀ ဘီလီယံကျော်ရှိတဲ့ ပထမဆုံးလူသား ဖြစ်လာတယ်လို့ Forbes က ဖော်ပြပါတယ်။Delaware တရားရုံးချုပ်က တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၉ ဘီလီယံခန့်ရှိတဲ့ Tesla စတော့ရှယ်ယာတွေကို ပြန်လည်ပေးအပ်ခဲ့ပြီးနောက် သောကြာနေ့ (ဒီဇင်ဘာ ၂၀) နှောင်းပိုင်းမှာ Musk ရဲ့ ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၇၄၉ ဘီလီယံလောက်အထိ မြင့်တက်လာတယ်လို့ Forbes သူဌေးစာရင်းက ပြသထားပါတယ်။အဲဒီသီတင်းပတ်အစောပိုင်းမှာ သူ့ရဲ့ လေကြောင်းအာကာသ ကုမ္ပဏီ SpaceX ဟာ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် Musk ဟာ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံ ကျော်လွန်တဲ့ ပထမဆုံးလူ ဖြစ်လာခဲ့ပါတယ်။Forbes အဆိုအရ Musk ရဲ့ ကြွယ်ဝချမ်းသာမှုဟာ အခုအခါ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် Google ပူးတွဲတည်ထောင်သူ Larry Page ထက် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံနီးပါး ပိုများနေပြီဖြစ်ပါတယ်။

news-view-count-icon

18