ကယားပြည်နယ်၊ကယန်းမျိူးဆက်သစ်လူငယ်(KNGY)၏ မျိုးဆက်သစ်လူငယ်စွမ်းရည်မြှင့်တင်ရေးဌာနကနေ ဦးဆောင်ဖွင့်လှစ်သော ငိန်းကယန်းထန်အကယ်ဒမီကျောင်း၏ ကျောင်းပိတ်ပွဲနှင့် ပထမအကြိမ် ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားတစ်ရပ်ကို ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့၌ ကယန်းဒေသတစ်နေရာတွင် ပြုလုပ်သွားခဲ့သည်။အခမ်းအနားတွင် ဘွဲ့လက်မှတ်များ အပ်နှင်းခြင်း၊ ကျောင်းသူတစ်ဦးမှ အမှတ်တရ စကားပြောကြားခြင်း၊ ကျောင်းတာဝန်ခံမှ ကျောင်းသူ၊သားအတွဥ် အကြုံပြုအမှာစကားပြောကြားခြင်း၊ စာတမ်းစစ်ဆေးသူတစ်ဦးမှ အားပေးအမှာစကားပြောကြားခြင်းနှင့် အဓိပတိများ၊ ကျောင်းဆရာ၊မများနှင့် ကျောင်းသူ၊သားများ နေရာမှပြန်လည်ထွက်ခွာခြင်း စသည့်အစီအစဉ်များပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ကယန်းဒေသအတွင်းရှိ အဖွဲ့အစည်းအသီးသီး၏ ကိုယ်စားလှယ်များ၊ ကျောင်းသားမိဘများ၊ ရုံးဝန်ထမ်းများနှင့် ကျောင်းသူ၊သားများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။



