ထီလက်မှတ်ရောင်းချရာတွင် ငွေကြေးလိမ်လည်မှုဖြင့် တရားရုံးတွင် အစစ်ဆေးခံရန် ပျက်ကွက်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အိုလံပစ်ရွှေတံဆိပ်ဆုရှင် လက်ဝှေ့သမားဟောင်းတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်းကာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ လက်ဝှေ့သမားသည် လိမ်လည်မှုဖြစ်စဉ်ကြောင့် ဝရမ်းထုတ်ခံထားရသူဖြစ်ပြီး ကာလအတန်ကြာ တိမ်းရှောင်နေခဲ့ပြီးနောက် ယခုအခါ ဥပဒေအရ အရေးယူနိုင်ရန် ပြန်လည်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ထိုင်းတွင် ထီလက်မှတ်လိမ်လည်မှုဖြင့် ဝရမ်းထုတ်ခံထားရသည့် အိုလံပစ်ရွှေတံဆိပ်ရှင် လက်ဝှေ့သမားဟောင်းကို ဖမ်းဆီးရမိ
Dec 21 • 1:38 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


