back

ထိုက်သူပန်ပရဟိတလုပ်ငန်းမှ ရန်ကုန်-မန္တလေး အပါအဝင် မြို့ကြီးများသို့ တန်ဖိုးနည်းအဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမည်

Dec 21 • 1:23 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ထိုက်သူပန်ပရဟိတလုပ်ငန်းမှ ရန်ကုန်-မန္တလေး အပါအဝင် မြို့ကြီးများသို့ တန်ဖိုးနည်းအဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမည်

ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် သွားလာနိုင်ရန်အတွက် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးနှင့် မူဆယ် ခရီးစဉ်များကို ပြေးဆွဲပေးမည့် တန်ဖိုးနည်းအဝေး...

ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် သွားလာနိုင်ရန်အတွက် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးနှင့် မူဆယ် ခရီးစဉ်များကို ပြေးဆွဲပေးမည့် တန်ဖိုးနည်းအဝေးပြေးယာဉ်လိုင်းများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း ထိုက်သူပန်ပရဟိတလုပ်ငန်းမှ ဦးစိုးလှမြင့်က ပြောကြားသည်။ အဆိုပါယာဉ်လိုင်းကို အစီးရေ ၁၀ စီးဖြင့် နေ့စဉ်စတင်ပြေးဆွဲမည်ဖြစ်ပြီး လက်မှတ်များကို ဂိတ်များတွင်သာမက အွန်လိုင်းမှလည်း ဝယ်ယူနိုင်ရန် စီစဉ်ထားကာ ယင်းလုပ်ငန်းမှ ရရှိလာမည့် အကျိုးအမြတ်များကိုလည်း လက်ရှိဆောင်ရွက်နေသည့် ထမင်းဟင်းလှူဒါန်းခြင်းနှင့် အခမဲ့ဆေးခန်းဖွင့်လှစ်ခြင်း အစရှိသော ပရဟိတလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

48