(၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့ (Boxing) အားကစားအဖွဲ့သည် ကစားသမား (၉) ဦးဖြင့် ပြိုင်ပွဲအမျိုးအစား (၉) မျိုး၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသမီးကစားသမား (၄) ဦးနှင့် အမျိုးသားကစားသမား (၁) ဦးတို့က ကြေးတံဆိပ် (၅) ခု ရယူပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါဆုတံဆိပ်များကို မြမိုးသူ၊ ထားထားနွယ်၊ ဆုမြတ်နိုး၊ ကေသွယ်ငြိမ်းနှင့် နုတ်မာန်တို့က အသီးသီးဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ်ရလဒ်မှာ ပြီးခဲ့သည့် ၂၀၂၃ ကမ္ဘောဒီးယားဆီးဂိမ်းစ်တွင် ရရှိခဲ့သည့် ကြေးတံဆိပ် (၆) ခုထက် ဆုတံဆိပ် (၁) ခု လျော့နည်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Dec 21 • 1:22 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


