back

တောင်ကြီး ဗျူးပွိုင့်အနီးတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု ပိုဆိုးလာ

Dec 20 • 4:10 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီး ဗျူးပွိုင့်အနီးတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု ပိုဆိုးလာ

ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့ မြစိမ်းတောင် တက်လမ်းနှင့် ရွှေဘုန်းပွင့် တောင်ပေါ် ဘုရားသွားလမ်းကြားတွင်ရှိ ဗျူးပွိုင့်ရှုခင်း နေရာအနီးတွင် လူစည်ကားလေ့ ရ...

ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့ မြစိမ်းတောင် တက်လမ်းနှင့် ရွှေဘုန်းပွင့် တောင်ပေါ် ဘုရားသွားလမ်းကြားတွင်ရှိ ဗျူးပွိုင့်ရှုခင်း နေရာအနီးတွင် လူစည်ကားလေ့ ရှိပြီး ၊ လာရောက် လည်ပတ်ကြသူများက စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် ညစ်ညမ်းလျက် ရှိကြောင်း သိရသည်။ထို ဗျူးပွိုင့် နေရာ ချောက်တွင်းမှာပင် ပလပ်စတစ် အမှိုက်များ ၊ စားကြွင်းစားကျန်များ ၊ ဘီယာဘူးခွံ ၊ အရက်ပုလင်းခွံများကို စွန့်ပစ်ခဲ့ခြင်း တို့ကိုလည်း မြင်တွေ့ရကြောင်း သိရသည်။အဆိုပါ တောင်ပေါ် ရွှေဘုန်းပွင့် အထိ တောင်ကြီးအီကို အမှိုက်သိမ်းဆည်းရေး ကုမ္ပဏီတွင် တာဝန် ရှိ မရှိ သေချာမသိရကြောင်း ၊ တောင်ပေါ်တွင် တစ်ကြိမ်မျှ အမှိုက်သိမ်း အမှိုက်ကောက်သည်ကို မမြင်တွေ့ဖူးကြောင်း ဒေသခံက ဆိုသည်။



news-view-count-icon

36