ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် ဒီဇင်ဘာလ ၁၇ ရက်က အမျိုးသား တဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ရေနစ်သေဆုံးသွားသူမှာ ရက္ခိုင်ပြည် မင်းပြားမြို့နယ် သံကြိုးရွာက အသက် ၄၄ နှစ်အရွယ် ဦးမောင်တင်ချေ ဖြစ်တယ်လို့ သိရပါတယ်။ယခုနှစ် မိုးရာသီမှစတင်ကာ ပလက်ဝဒေသအပါအဝင် ရက္ခိုင်ပြည် ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ တောင်ကုတ်၊ သံတွဲ၊ အမ်း နဲ့ ဂွမြို့နယ်တွင် ရေနစ်သေဆုံးသူ ၅၀ ကျော်အထိ ရှိလာနေတာလည်း ဖြစ်ပါတယ်။



