back

မြဝတီ-မဲဆောက် အမှတ် (၁) တံတားတွင် ပတ်စပို့စ်စာအုပ်နှင့် (ယာယီ) နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (၂) ခု ကိုင်ဆောင်ထားသူများကို စစ်ဆေးနေ

Dec 20 • 2:09 PM

breaking-news

မြန်မာ

ကရင်

cover

မြဝတီ-မဲဆောက် အမှတ် (၁) တံတားတွင် ပတ်စပို့စ်စာအုပ်နှင့် (ယာယီ) နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (၂) ခု ကိုင်ဆောင်ထားသူများကို စစ်ဆေးနေ

ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် နိုင်ငံကူးလက်မှတ် ပတ်စပို့စ်စာအုပ်နှင့် ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (၂) ခုကိုင်ဆောင်၍ ဖြတ...

ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီ-မဲဆောက် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် နိုင်ငံကူးလက်မှတ် ပတ်စပို့စ်စာအုပ်နှင့် ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (၂) ခုကိုင်ဆောင်၍ ဖြတ်သန်းသွားလာနေသူများကို မဲ‌ဆောက်လူဝင်မှုကြီးကြပ်‌ရေးဌာနက စစ်ဆေးနေကြောင်း မြဝတီမြို့ခံများထံမှ သိရသည်။ထိုသို့ စစ်ဆေးမှုများပြုလုပ်နေသော်လည်း လက်မှတ် (၂) ခုကိုင်ဆောင်ထားသူတိုင်း တွေ့ရှိခြင်းမရှိကြောင်းနှင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက စစ်ဆေးတွေ့ရှိသူများ၏ လက်မှတ်တစ်ခုကို ဖျက်သိမ်းလိုက်သော်လည်း ဖမ်းဆီးခြင်းမရှိကြောင်း သတင်းအရင်းအမြစ်တစ်ဦးထံက သိရသည်။သို့ရာတွင် နိုင်ငံကူးလက်မှတ် ပတ်စပို့စ် (သို့) CI စာအုပ် ကိုင်ဆောင်ထားသူများအနေဖြင့် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လေကြောင်းမှဖြစ်စေ၊ နယ်စပ်ဂိတ်တစ်ခုခုမှဖြစ်‌စေ၊ တရားဝင် ပြန်လည်ဝင်ရောက်လာပါက ယင်း ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် မြဝတီမြို့မှ ထိုင်းနိုင်ငံ၊ မဲဆောက်ဘက်သို့ သတ်မှတ်ရက်အတွင်း သွားလာနိုင်ကြောင်း သိရသည်။






news-view-count-icon

23