စိုစွတ်အေးမြတဲ့ လာနီညာဖြစ်စဉ် အခု ဒီဇင်ဘာလကုန်ပိုင်းအထိ ဆက်ရှိဦးမှာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ဒီဇင်ဘာလ တတိယ(၁၀)ရက်ပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ဆိုပါတယ်ဒေသအချို့မှာ ညအပူချိန်များ လျော့နည်းနိုင်ခြင်းနဲ့ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း စတဲ့ ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်။



