back

တရုတ်နိုင်ငံမှာ အမျိုးသားတစ်ဦး အိမ်သာခဏခဏသွားလို့ အလုပ်ထုတ်ခံရ

Dec 20 • 12:17 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံမှာ အမျိုးသားတစ်ဦး အိမ်သာခဏခဏသွားလို့ အလုပ်ထုတ်ခံရ

တရုတ်နိုင်ငံမှာ ရုံးဝန်ထမ်းအမျိုးသားတစ်ဦးဟာ အလုပ်ခွင်အတွင်း တစ်နာရီထက်ပို အိမ်သာသွားလေ့ရှိတာကြောင့် အလုပ်မှထုတ်ပယ်ခံခဲ့ရပါတယ်။ တရုတ်နိုင်ငံ၊ ကျန်းစုပြည်နယ်မှ မျ...

တရုတ်နိုင်ငံမှာ ရုံးဝန်ထမ်းအမျိုးသားတစ်ဦးဟာ အလုပ်ခွင်အတွင်း တစ်နာရီထက်ပို အိမ်သာသွားလေ့ရှိတာကြောင့် အလုပ်မှထုတ်ပယ်ခံခဲ့ရပါတယ်။ တရုတ်နိုင်ငံ၊ ကျန်းစုပြည်နယ်မှ မျိုးရိုးနာမည် လီ အမည်ရှိ အမျိုးသားဟာ အင်ဂျင်နီယာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပြီး လိပ်ခေါင်းရောဂါခံစားနေရတာကြောင့် အိမ်သာခဏခဏ သွားရလေ့ရှိတယ်လို့ ရှင်းလင်းပြောကြားခဲ့ပေမယ့် သူ့ရဲ့အိမ်သာသွားချိန်ကြာမြင့်မှုကြောင့် ကုမ္ပဏီက သူ့ကို ရာထူးမှထုတ်ပယ်ခဲ့ပါတယ်။ ဒီအကြောင်းကို South China Morning Post သတင်းစာက ဖော်ပြခဲ့တာဖြစ်ပါတယ်။ မစ္စတာလီ ဟာ ၂ဝ ၂၄ ခုနှစ် ဧပြီလမှ မေလ အတွင်း အိမ်သာသွားချိန် ၁၄ ကြိမ်ရှိခဲ့ပြီး အများဆုံးလေးနာရီကြာခဲ့တယ်လို့ ဆိုပါတယ်။ ဒီအမှုဟာ တရုတ်နိုင်ငံမှာ အလုပ်ခွင်အခွင့်အရေး၊ ဆေးဘက်ဆိုင်ရာ နေရာထိုင်ခင်းနဲ့ပတ်သက်ပြီး အငြင်းပွါးမှုတွေဖြစ်ပေါ်စေခဲ့ပါသည်။




news-view-count-icon

2