back

ကမ္ဘောဒီးယားနယ်စပ်အနီးရှိ ထိုင်းကျောင်း ၁,၀၀၀ ကျော် ယာယီပိတ်ထား

Dec 20 • 12:15 PM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားနယ်စပ်အနီးရှိ ထိုင်းကျောင်း ၁,၀၀၀ ကျော် ယာယီပိတ်ထား

ထိုင်းနဲ့ ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့နယ်စပ်တလျှောက်မှာ လက်နက်ကိုင် တိုက်ပွဲအသစ်တွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ ထိုင်းနိုင်ငံဟာ နယ်စပ်ဒေသတွေရှိ စာသင်ကျောင...

ထိုင်းနဲ့ ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့နယ်စပ်တလျှောက်မှာ လက်နက်ကိုင် တိုက်ပွဲအသစ်တွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ ထိုင်းနိုင်ငံဟာ နယ်စပ်ဒေသတွေရှိ စာသင်ကျောင်း ၁,၀၀၀ ကျော်ကို ဒီဇင်ဘာ ၁၉ ရက်မှာ ယာယီပိတ်လိုက်ပါတယ်။ ထိုင်းပညာရေးဝန်ကြီးဌာနဟာ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ ဘေးကင်း လုံခြုံရေးအတွက် ကမ္ဘောဒီးယားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ခရိုင် ၇ ခုမှာ စာသင်ခန်းတွေကို ရပ်ဆိုင်းထားဖို့ သောကြာနေ့မှာ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ကျောင်းပေါင်း ၁,၀၆၀ ကျောင်းကို သက်ရောက်စေခဲ့ပါတယ်။ ဘူရီရမ်ခရိုင်ဟာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာကြောင့် အထိခိုက်ဆုံးဒေသတွေထဲမှ တခုဖြစ်ပြီး ကျောင်းပေါင်း ၁၀၀ ကျော်ကို ပိတ်ထားရတာပါ။


news-view-count-icon

3