၂၀.၁၂.၂၀၂၅ ရက်နေ့၊ ၁၂ နာရီ၃၀ မိနစ်အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအနီး၊ မိတ္ထီလာ-တောင်ကြီးကားလမ်း၊ မိုင်တိုင်အမှတ်(၃၃/၀)တွင် တောင်ကြီးဘက်မှမောင်းနှင်လာသော ဘိလပ်မြေတင်ဆောင်လာသည့် တွဲကား(၁)စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာစည်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပါသည်။ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကားခေါင်းခန်းတွင် ပိတ်မိနေသူ မ(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား ၁၄ နာရီ၅၀ မိနစ်အချိန်တွင် ကယ်ဆယ်ရွှေ့ထုတ်နိုင်ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် တောင်ကြီးဘက်မှမောင်းနှင်လာသော ဘိလပ်မြေတင်ဆောင်လာသည့် တွဲကား(၁)စီး ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွား
Dec 20 • 9:30 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 27 | 0 | 0 | 0 |


