back

ပြည်သူတွေ လက်ဝယ်ရှိ သေနတ်တွေကို ပြန်လည်ဝယ်ယူဖို့ ဩစတြေးလျအစိုးရ စီစဉ်

Dec 20 • 9:27 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပြည်သူတွေ လက်ဝယ်ရှိ သေနတ်တွေကို ပြန်လည်ဝယ်ယူဖို့ ဩစတြေးလျအစိုးရ စီစဉ်

သြစတြေးလျနိုင်ငံ ဘွန်ဒီကမ်ခြေ ပစ်ခတ်တိုက်ခိုက်မှုအပြီးမှာ ဩစတြေးလျအစိုးရဟာ နိုင်ငံအတွင်းက သေနတ်ပြန်ဝယ်ယူရေးအစီအစဉ်တခုကို ကြေညာခဲ့ပါတယ်။ လူ ၃၅ ယောက်သေဆုံးခဲ့ပြီး...

သြစတြေးလျနိုင်ငံ ဘွန်ဒီကမ်ခြေ ပစ်ခတ်တိုက်ခိုက်မှုအပြီးမှာ ဩစတြေးလျအစိုးရဟာ နိုင်ငံအတွင်းက သေနတ်ပြန်ဝယ်ယူရေးအစီအစဉ်တခုကို ကြေညာခဲ့ပါတယ်။ လူ ၃၅ ယောက်သေဆုံးခဲ့ပြီး ကမ္ဘာ့ဦးဆောင် သေနတ်ထိန်းချုပ်ရေးအစီအမံတွေ ကို သြစတြေးလျက စတင်ကျင့်သုံးစေခဲ့တဲ့ ၁၉၉၆ ခုနှစ် ပို့အာသာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနောက်ပိုင်း အကြီးမားဆုံးအစီအစဉ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အိုင်အက်စ်နဲ့ဆက်နွယ်တယ်လို့ ယုံကြည်ရတဲ့ သေနတ်သမားနှစ်ယောက်ဟာ ဘွန်ဒီကမ်းခြေ ဂျူးပွဲတော်တခုမှာ ပစ်ခတ်ခဲ့ရာ လူ ၁၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ အကြမ်းဖက်ဖြစ်ရပ်အဖြစ် ကြေညာထားတဲ့ တနင်္ဂနွေနေ့တိုက်ခိုက်မှုကို သားအဖနှစ်ယောက်က ကျူးလွန်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။အသက် ၂၄ နှစ်အရွယ် နာဗီအာခရမ်ကို လူသတ်မှု ၁၅ မှု၊ အကြမ်းဖက်လုပ်ရပ် ကျူးလွန်မှုတခု အပါအဝင် ပြစ်မှု ၅၉ မှုနဲ့ တရားစွဲဆိုထားပြီး သူ့ရဲ့ ဖခင်ဖြစ်သူ ဆာဂျစ်ကတော့ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။ပစ်ခတ်မှုဖြစ်ပွားပြီး နောက်တနေ့မှာတာ့ ဖက်ဒရယ်အစိုးရမှ ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်နဲ့ နယ်မြေအားလုံးမှ ခေါင်းဆောင်တွေပါဝင်တဲ့ အစိုးရအဖွဲ့ဟာ သေနတ်ထိန်းချုပ်မှုတွေကို ပိုမိုတင်းကြပ်ဖို့ သဘောတူခဲ့ကြပါတယ်။ဩစတြေးလျမှာ အရပ်သားတွေလက်ထဲ သေနတ် ၄ သန်းကျော် ရှိနေပြီး ပို့အာသာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကာလထက် ပိုများကြောင်း ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က ပြောပါတယ်။


news-view-count-icon

30