ဒီဇင်ဘာလ ၁၉ ရက်နေ့ ၁၀နာရီ၅၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ ထွန်းထွန်းနိုင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၃၇၀ ဂရမ်(ဒေသကာလတန်ဖိုးငွေကျပ် ၅၅.၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၇၅၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၆၇.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ထွန်းထွန်းနိုင်(၃၃)နှစ်အား မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိပါတယ်။



