back

ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသားခေါင်းဆောင်ဟောင်း လုပ်ကြံခံရမှုကြောင့် ဆူပူမှုများ ဖြစ်ပွား

Dec 20 • 8:21 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသားခေါင်းဆောင်ဟောင်း လုပ်ကြံခံရမှုကြောင့် ဆူပူမှုများ ဖြစ်ပွား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကျောင်းသားသပိတ် ခေါင်းဆောင်ဟောင်း ရှာရစ်ဖ် အော့စ်မန် ဟာဒီ လုပ်ကြံခံရပြီး သေဆုံးခဲ့မှုနောက် ဆူပူဆန္ဒပြမှုများ စတင်ဖြစ်ပွားနေသ...

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကျောင်းသားသပိတ် ခေါင်းဆောင်ဟောင်း ရှာရစ်ဖ် အော့စ်မန် ဟာဒီ လုပ်ကြံခံရပြီး သေဆုံးခဲ့မှုနောက် ဆူပူဆန္ဒပြမှုများ စတင်ဖြစ်ပွားနေသည်။ဟာဒီအား ဒါကာမြို့ရှိ ဗလီတစ်ခုမှ ထွက်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး စင်ကာပူ၌ ကုသမှုခံယူစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ သူ၏သေဆုံးမှုကို ဆန္ဒပြရင်း လမ်းပိတ်ဆို့မှုများ၊ မီးရှို့မှုများ ပြုလုပ်နေကြသဖြင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြု၍ ဝင်ရောက်ကွပ်ကဲနေရသည်။အာဏာပိုင်များက လုပ်ကြံသူများကို အပူတပြင်း လိုက်လံရှာဖွေနေပြီး နိုင်ငံ၏ နိုင်ငံရေး အခြေအနေ တင်းမာလျက် ရှိသည်။

news-view-count-icon

39