ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ-မိုင်းခတ်လမ်းရှိ ဝမ်တာပုံကျေးရွာအနီး ၁၇ မိုင် ၆ ဖာလုံနေရာတွင် ဒီဇင်ဘာ ၁၉ ရက် ည ၈ နာရီခန့်က Mark II အမျိုးအစား မော်တော်ယာဉ်တစ်စီး မတော်တဆ ချောက်ထဲပြုတ်ကျခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ အခြားအမျိုးသမီးတစ်ဦးနှင့် တစ်နှစ်အရွယ်ကလေးငယ်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်နှစ်စီးဖြင့် သွားရောက်ကူညီခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများကို ကျိုင်းတုံမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးထားကြောင်း သိရသည်။
ကျိုင်းတုံ-မိုင်းခတ်လမ်းတွင် Mark II ယာဉ်တစ်စီး ချောက်ထဲပြုတ်ကျသဖြင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိ
Dec 20 • 6:40 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 18 | 0 | 0 | 0 |


