ကရင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းအများအပြားကို ဖော်ထုတ်မြှင့်တင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုဖိုရမ် (၂၀၂၅) ကို ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဒီဇင်ဘာ ၁၈ ရက်တွင် ကျင်းပခဲ့သည်။ကရင်ပြည်နယ်သည် မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက်စီးပွားရေးစင်္ကြံလမ်းကြောင်းပေါ်တွင်တည်ရှိပြီး သာယာလှပသော တောတောင်ရေမြေသဘာဝရှုခင်းများ၊ စက်မှုကုန်ကြမ်းနှင့် အဖိုးတန်ဓာတ်သတ္တုများ ပေါများစွာထွက်ရှိခြင်းတို့ကြောင့် ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအများအပြားကို ဖော်ထုတ်မြှင့်တင်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီတို့မှဦးဆောင်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။



