၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ အဝေးသင်သင်တန်းများ ကျောင်းအပ်နှံခြင်းကို ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်မှ ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ လည်းကောင်း၊ ဒုတိယနှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှ မေလ ၁၅ ရက်အထိ လည်းကောင်း သတ်မှတ်ထားကြောင်း သိရသည်။ အဝေးသင်တက္ကသိုလ် တက်ရောက်မည့်သူများအနေဖြင့် မိမိတို့ဖြေဆိုရမည့် နှစ်အလိုက် သတ်မှတ်ထားသောရက်များအတွင်း အချိန်မီ ကျောင်းအပ်နှံနိုင်ရန် ပညာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။
Dec 20 • 3:49 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


