၂၀.၁၂.၂၀၂၅ ရက်ယနေ့၊ ၀၅နာရီ ၃၀မိနစ် အချိန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ(၅)တွင် နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိပါတယ်။အဆိုပါသတင်းရရှိသဖြင့် ကလေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၆ နာရီ၃၀မိနစ် အချိန်တွင် မီးငြိမ်းပါသည်။



