back

မြန်မာပြည်ရေခဲတောင်များ ရေခဲထုထပ်တက်ဖို့ရှိနေဟုမိုးလေဝသပညာရှင်ဦးဝင်းနိုင်ထံမှသိရ

Dec 20 • 2:48 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာပြည်ရေခဲတောင်များ ရေခဲထုထပ်တက်ဖို့ရှိနေဟုမိုးလေဝသပညာရှင်ဦးဝင်းနိုင်ထံမှသိရ

မြန်မာနိုင်ငံရဲ့ ရေခဲတောင်တွေအနေနဲ့ ဒီဇင်ဘာလ (၂၇)ရက်မှာ ရေခဲထုတက်ဖို့ရှိတယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ထံမှသိရပါတယ်။ခါကာဘိုရာဇီတောင်နဲ့ဂန်လန်ရာဇီတောင်မှာ ကြိ...

မြန်မာနိုင်ငံရဲ့ ရေခဲတောင်တွေအနေနဲ့ ဒီဇင်ဘာလ (၂၇)ရက်မှာ ရေခဲထုတက်ဖို့ရှိတယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ထံမှသိရပါတယ်။ခါကာဘိုရာဇီတောင်နဲ့ဂန်လန်ရာဇီတောင်မှာ ကြိုတင်ခန့်မှန်းချက်များအရ ၂၇ ရက်နေ့မှာ နှင်းထု ၀.၉ လက်မခန့်ထပ်မံကျဆင်းနိုင်သေးတယ်လို့ တွေ့ရပြီး အဲ့ဒီနေ့မှာ နေ့အပူချိန် -၁၂°C နဲ့ ညအပူချိန် -၁၉°C ရှိနိုင်ကာ အနောက်တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၅ မိုင်ရှိကြောင်း တွေ့ရပါတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံမြောက်ဖျားက အမြင့်ဆုံး ခါကာဘိုရာဇီတောင်နဲ့ဂန်လန်ရာဇီတောင်ထွတ်များရှိရာဒေသအတွင်း နှင်း(Snow)ဖုံးလွှမ်းမှုက ၁၂ လက်မ မှ ၁၅ လက်မကျော်အထိရှိနေပါတယ်။မြန်မာတစ်နိုင်ငံလုံးမှာ နှင်းကျတဲ့ဒေသဆိုလို့ အဲ့ဒီဒေသမှာပဲ ရှိပါတယ်။ကျန်တဲ့ဒေသတွေမှာတော့ မြူဆိုင်း(Fog)တာ ရှိပြီး ၂၀၂၆ ၂ လပိုင်းအထိအေးနေပါဦးမယ်လို့ ခန့်မှန်းထားပါတယ်။

news-view-count-icon

45