အမေရိကန်ရှိBrown University ေ-သနတ်ပ-စ်ခ-တ်မှုနဲ့ Massachusetts Institute of Technology (MIT) ပါမောက္ခ သ-တ်ဖြတ်မှုတွေမှာ သံသယရှိသူဟာ Diversity Immigrant Visa Program လို့ခေါ်တဲ့ DV အစီအစဉ်နဲ့ ဝင်ရောက်လာသူ ဖြစ်တာကြောင့် ထရမ့် အစိုးရက DV အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပါတယ်။ Homeland Security ဝန်ကြီး Kristi Noem က ဒီအစီအစဉ်ကို ခေတ္တရပ်ဆိုင်းဖို့ ပြောကြားလိုက်ပြီး သံသယရှိသူ Claudio Manuel Neves Valente ဟာ ၂၀၁၇ ခုနှစ်တုန်းက ဒီအစီအစဉ်ကနေတဆင့် Green Card ရရှိခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ဒီဇင်ဘာ ၁၃ ရက်နေ့က Boston ရှိ Brown University မှာ ဖြစ်ပွားခဲ့တဲ့ ပ-စ်ခ-တ်မှုကြောင့် ကျောင်းသား ၂ ဦး ေ-သဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနောက် ၂ ရက်အကြာမှာတော့ MIT ပါမောက္ခ Nuno Loureiro ဟာ Brookline ရှိ သူ့ရဲ့ နေအိမ်မှာ ေ-သနတ်နဲ့ ပ-စ်သ-တ်ခံခဲ့ရတာ ဖြစ်ပါတယ်။ တရားခံ Claudio Manuel Neves Valente ရဲ့ ရုပ်အလောင်းကိုတော့ ကြာသာပတေးနေ့ (ဒီဇင်ဘာလ ၁၈ ရက်)က ပြန်လည်တွေ့ရှိခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပုံရပါတယ်။တစ်နှစ်ကို ဗီဇာ ၅၀,၀၀၀ အထိ ပေးအပ်နေတဲ့ ဒီအစီအစဉ်ကို ရပ်ဆိုင်းလိုက်တာဟာ လူဝင်မှုကြီးကြပ်ရေးကို ကန့်သတ်ဖို့ သမ္မတ ထရမ့် ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ အရင်ကလည်း အာဖဂန်နိုင်ငံသားတစ်ဦးရဲ့ ပ-စ်ခ-တ်မှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေက လာရောက်သူတွေကို ကန့်သတ်တာမျိုး လုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် နည်းပညာကဏ္ဍမှာ အသုံးများတဲ့ H-1B ဗီဇာ လျှောက်ထားခတွေ တိုးမြှင့်တာနဲ့ ခရီးသွားတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို စစ်ဆေးမယ့် အစီအစဉ်တွေလည်း ရှိနေပါတယ်။အေမရိကန်သမ္မတ ထရမ့်က အမေရိကန်သမိုင်းမှာ အကြီးမားဆုံး ပြည်နှင်ဒဏ်ပေးတာတွေ လုပ်မယ်လို့ ကတိပြုထားပြီး လူဝင်မှုကြီးကြပ်ရေးကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေပါတယ်။ Chicago နဲ့ Los Angeles လို မြို့ကြီးတွေမှာလည်း နယ်စပ်ကင်းလှည့်အဖွဲ့တွေ လှုပ်ရှားနေသလို နိုင်ငံတစ်ဝန်းမှာ ဂိုဒေါင်အကြီးကြီးတွေကို အသုံးပြုပြီး လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေကို အကြီးအကျယ် တိုးချဲ့ဖို့လည်း စီစဉ်နေကြပါတယ်။



