ဘန်ကောက်တွင်ဒီဇင်ဘာ ၁၉ရက်က
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချွန်ဘူရီမြို့များရှိ သက်ဆိုင်ရာအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာအသင်းအနေဖြင့် ခရစ်ကတ်၊ သေနတ်ပစ်၊ ဖူဆယ်၊ ဘော်လီဘော၊ အပြည်ပြည်ဆိုင်ရာ လှေ၊ နဂါးလှေ၊ နပန်း၊ မြင်းစီးပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ
ရိုးရာလှေလှော် အားကစားနည်း နဂါးလှေလှော် အမျိုးသား(၁၀) တက်လှော် ၅၀၀ မီတာပြိုင်ပွဲတွင် တင်ကိုကို၊ ပြည့်စုံအောင်၊ ယုယမောင်၊ ထွန်းထွန်းလင်း၊ စောနိုင်လင်းကျော်၊ ဝေယံဦး၊ ကျော်စွာဝင်း၊ စောကောင်းကောင်းစံ၊ ဇော်ဇော်ထွန်း၊ စောအယ်ထီးဂေါ်၊ ထွန်းသက်ဇော်၊ ထန်လျန်းကျင့်၊ စိုင်းမင်းမော်နှင့် ထက်ဝေဖြိုးတို့အတွဲက ကြေးတံဆိပ်ဆုတစ်ခု၊ အမျိုးသမီး(၁၀) တက်လှော် ၅၀၀ မီတာပြိုင်ပွဲတွင် လှလှထွေး၊ ဝင်းဝင်းထွေး၊ စိုးစိုးကျော်၊ စန်းစန်းမိုး၊ သီတာဦး၊ မာန်ဟွဲ့ဖောင်၊ ဖြူဖြူအောင်၊ နော်ထဲဆိုဖော၊ အိအိချော၊ နွေးအိဖြူ၊ သဉ္ဇာမြင့်ဇွန်၊ လင်းလင်းကျော်၊ ချိုချိုလွင်နှင့် နွယ်နီဝင်းတို့အတွဲက ကြေးတံဆိပ်ဆုတစ်ခု စုစုပေါင်း ကြေးတံဆိပ်ဆုနှစ်ခု ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။အဆိုပါပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုသုံးခုဆွတ်ခူးရရှိခဲ့သည့် နဂါးလှေလှော်အားကစားနည်း အမျိုးသား၊ အမျိုးသမီးအသင်းမှ အားကစားသမားများနှင့် ယမန်နေ့ ပြိုင်ပွဲပွဲစဉ်ဖြစ်သည့် မြင်းစီးအားကစားနည်း Eventing Dreassage, Show Jumping & Cross Country အားကစားနည်းသုံးမျိုးပါသည့် ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု တစ်ခုရရှိခဲ့သည့် မြန်မာအသင်းမှ သန်းနိုင်အောင်၊ စောမောင်နှင့် နန်းကိုဝင်းတို့အတွဲကို ဒုတိယဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။



