ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ Happy Sence ၌ (၁၂) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် သက်ကြီးပူဇော်ပွဲကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားတွင် ကရင်အမျိုးသားအလံတော်ကို အလေးပြုခြင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၏ သဝဏ်လွှာကို ဖတ်ကြားခြင်းနှင့် ကရင်လူမျိုးများ၏ သမိုင်းကြောင်းနှင့် အလံတော်၏ အနက်အဓိပ္ပာယ်များကို ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့သည်။ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့သည့် အဆိုပါပွဲတွင် လူငယ်မောင်မယ်များက သက်ကြီးရွယ်အိုများကို ပူဇော်ကန်တော့ခဲ့ကြပြီး ကရင်ရိုးရာဒုံးယိမ်းအကများဖြင့် စည်ကားသိုက်မြိုက်စွာ ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

Dec 20 • 1:53 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 15 | 0 | 0 | 0 |


