(၈၈)နှစ်မြောက်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ယနေ့ ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးဘေး၊ မြို့အဝင်အနီး ကရင်စာပေနှင့် ယဉ်ကျေးမှုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။သထုံမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ နာယကကြီး ဦးစောဘသိန်းမှ (၈၈)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် မုခ်ဦးအား ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ခဲ့သည်။ထို့ပြင် ကရင်ရိုးရာအစားအစာများဖြင့် စတုဒီသာဧည့်ခံကျွေးမွေးခဲ့ကြပြီး၊ သထုံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ ကရင်တိုင်းရင်းသားများမှ ကရင်ရိုးရာသီချင်းများဖြင့်သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။



