back

ဧည့်စာရင်းမတိုင် နေထိုင်မှုမှတ်ပုံမရှိ မြန်မာအလုပ်သမား ၁၃၉ ဦးကို ခိုလှုံခွင့်ပေးတဲ့အိမ်ရှင်ဒဏ်ငွေချမှတ်ခံရ

Dec 19 • 2:15 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဧည့်စာရင်းမတိုင် နေထိုင်မှုမှတ်ပုံမရှိ မြန်မာအလုပ်သမား ၁၃၉ ဦးကို ခိုလှုံခွင့်ပေးတဲ့အိမ်ရှင်ဒဏ်ငွေချမှတ်ခံရ

ထိုင်းနိုင်ငံ၊ နခွန်ပထုံပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိ တွေ ဟာ ဥပဒေအရ သတ်မှတ်ချိန်အတွင်း အကြောင်းကြားတာမရှိဘဲ နိုင်ငံခြားသား တွေကို နေထိုင်ခွင့်ပြုခဲ့တဲ့ အ...

ထိုင်းနိုင်ငံ၊ နခွန်ပထုံပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိ တွေ ဟာ ဥပဒေအရ သတ်မှတ်ချိန်အတွင်း အကြောင်းကြားတာမရှိဘဲ နိုင်ငံခြားသား တွေကို နေထိုင်ခွင့်ပြုခဲ့တဲ့ အိမ်ရှင်နဲ့ ထိန်းသိမ်းစောင့်ရှောက်သူ တွေ ကိုဒဏ်ငွေချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။လက်ရှိနှစ်သစ်ကူးပွဲတော်ကာလအတွင်း လုံခြုံရေးနဲ့ လူဝင်မှုဥပဒေ တွေ ကို ပိုမိုတင်းကြပ်စွာ အကောင်အထည် ဖော်နေတဲ့ တော်ဝင်ထိုင်းရဲတပ်ဖွဲ့ (RTP) ရဲ့ မူဝါဒနဲ့အညီ ဤစစ်ဆေးမှုကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး၊ စစ်ဆေးမှုကို လူဝင်မှုကြီးကြပ်ရေးဗျူရို ကော်မရှင်နာ ဒုတိယဗိုလ်ချုပ်ကြီး ပနုမာမတ်စ် ဘွန်ညာလက် အပါအဝင် အဆင့်မြင့်အရာရှိတွေရဲ့ ညွှန်ကြားချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အခုလို လုပ်ရပ်ဟာ ၂၅၂၂ ခုနှစ် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ (၁၉၇၉) ရဲ့ ပုဒ်မ ၃၈ ကို ချိုးဖောက်တာဖြစ်တယ်လို့ဆိုပါတယ်။အထက်ပါဥပဒေချိုးဖောက်မှုအတွက် စစ်ဆေးရေးအဖွဲ့ဟာ အလုပ်သမား ၁၃၉ ဦးကို တစ်ဦးချင်း ဒဏ်ငွေစီရင်ချက် ချမှတ်ခဲ့ပြီး၊ ဒဏ်ငွေစုစုပေါင်းမှာ ဘတ်ငွေ ၂၂၂,၄၀၀ ဖြစ်ကာ အဲဒိငွေ တွေဟာ အစိုးရဘဏ္ဍာတွင်းကို ဝင်ရောက်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။




news-view-count-icon

10