back

လားရှိုးပြည်သူ့ဆေးရုံကြီးတွင် အငြိမ်းစားဝန်ထမ်းနှင့် သက်ကြီးဘိုးဘွားများအား အခမဲ့ သွားအံကပ်တပ်ဆင်ပေးမည်

Dec 19 • 5:46 AM

breaking-news

မြန်မာ

ရှမ်း

cover

လားရှိုးပြည်သူ့ဆေးရုံကြီးတွင် အငြိမ်းစားဝန်ထမ်းနှင့် သက်ကြီးဘိုးဘွားများအား အခမဲ့ သွားအံကပ်တပ်ဆင်ပေးမည်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အငြိမ်းစားနိုင်ငံဝန်ထမ်းနှင့် သက်ကြီးဘိုးဘွား ၃၀ ကျော်အား အခမဲ့ သွားအံကပ်တပ်ဆင်ပ...

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အငြိမ်းစားနိုင်ငံဝန်ထမ်းနှင့် သက်ကြီးဘိုးဘွား ၃၀ ကျော်အား အခမဲ့ သွားအံကပ်တပ်ဆင်ပေးမည့် အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်အတွက် လိုအပ်သော အကြိုစစ်ဆေးမှုများကို ယခုဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၉ ရက်အထိ၊ နံနက် ၉ နာရီမှစတင်၍ ဆေးရုံကြီးရှိ သွားဘက်ဆိုင်ရာဆေးကုဌာနတွင် ပြုလုပ်ပေးသွားမည်ဖြစ်ရာ အကျုံးဝင်သည့် ဘိုးဘွားများအနေဖြင့် စာရင်းပေးသွင်းပြသနိုင်ကြောင်းနှင့် နိုင်ငံတော်မှ အခြားသော ကာကွယ်ဆေးနှင့် ကုသမှုလုပ်ငန်းများကိုလည်း တပြိုင်တည်း ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

13