၁၉.၁၂.၂၀၂၅ ရက်နေ့၊ ၁၁ နာရီ၁၃မိနစ် အချိန်ခန့်၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဇေယျသိမ်ကျေးရွာတွင် နေအိမ် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လယ်ဝေးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အေလာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သာဝတ္ထိနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁နာရီ ၃၀ မိနစ်အချိန် မီးငြိမ်းပါသည်။



