မြစ်ကြီးနား-မန္တလေး လမ်းပိုင်းရှိ မြစ်ကြီးနား-ရွှေဘို ကားလမ်းမကြီးပေါ်တွင် ဒီဇင်ဘာ ၁၉ ရက်အထိ အတက်အဆင်းယာဉ်များအားလုံး လုံးဝပိတ်မိနေပြီး လမ်းခရီးအခြေအနေ ဆိုးရွားလျက်ရှိကြောင်း သိရသည်။ အထူးသဖြင့် ကျောက်တန်းဂိတ်မှစတင်၍ လမ်းကြောင်းအားလုံးကို တင်းကျပ်စွာ ပိတ်ထားခြင်းဖြစ်ပြီး မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးမည်ကို အတည်မပြုနိုင်သေးသည့်အတွက် ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအနေဖြင့် လမ်းခရီး၌ ရက်ရှည်ပိတ်မိပြီး ဒုက္ခရောက်နိုင်သည့် အခြေအနေများကြောင့် အရေးတကြီးမဟုတ်ပါက ယခုရက်ပိုင်းအတွင်း အဆိုပါလမ်းပိုင်းသို့ ခရီးမသွားကြရန် အရေးပေါ် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
မြစ်ကြီးနား-မန္တလေး ကားလမ်းပိုင်း ကျောက်တန်းဂိတ်၌ လမ်းများ လုံးဝပိတ်ဆို့နေဆဲဖြစ်၍ ခရီးမသွားကြရန် အရေးပေါ်သတိပေးနှိုးဆော်
Dec 19 • 3:02 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 13 | 0 | 0 | 0 |

ဆီးဂိမ်း (၃၃) တွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့သည့် အမျိုးသား U22 ဘောလုံးအသင်းနှင့် အမျိုးသမီး ဖူဆယ်အသင်းတို့အား ဝန်ကြီးချုပ် ဂုဏ်ပြုစကားပြောကြား
ပြည်ပမှ ကုန်ကြမ်းတင်သွင်းရမှုကြောင့် အထည်ချုပ်ကဏ္ဍတွင် ကန်ဒေါ်လာ ၄ ဘီလီယံခန့် ဆုံးရှုံးနေရပြီး CMP စနစ်မှ FOB စနစ်သို့ ကူးပြောင်းနိုင်ပါက Export ဝင်ငွေ ၅ ဆ နီးပါးမြင့်တက်လာနိုင်ဟုဆို

