back

မကွေးတိုင်း၊အောင်လံမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

Dec 19 • 2:40 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊အောင်လံမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလူထု အားကစားလ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်...

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလူထု အားကစားလ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက အောင်လံမြို့၊ အောင်မြေရွှေဝါဘောလုံးကွင်း၌ ကျင်းပခဲ့သည်။ ဒီဇင်ဘာလူထုအားကစားလ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် Aung Lan Soccer အသင်းနှင့် Phoung Phoung အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။ ဒီဇင်ဘာ (၆)ရက်နေ့မှ ဒီဇင်ဘာ (၁၇)ရက်နေ့အထိ ပြိုင်ပွဲဝင်အသင်း (၅)သင်း ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲတွင် Aung Lan Soccer အသင်းက Phoung Phoung အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် Aung Lan Soccer အသင်းက အနိုင်ရရှိခဲ့ပါသည်။

news-view-count-icon

14