back

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌မြန်မာအားကစားအဖွဲ့က ရွှေ(၃)ခု၊ ငွေ(၂၀)ခု၊ ကြေး(၃၈)ခုဖြင့် နိုင်ငံအလိုက် အဆင့်(၇)တွင် ရပ်တည်နေ

Dec 19 • 2:09 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌မြန်မာအားကစားအဖွဲ့က ရွှေ(၃)ခု၊ ငွေ(၂၀)ခု၊ ကြေး(၃၈)ခုဖြင့် နိုင်ငံအလိုက် အဆင့်(၇)တွင် ရပ်တည်နေ

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ(၁၈)ရက်နေ့ ယှဉ်ပြိုင်မှုများ ပြီးဆုံးသွားချိန်တွင် မြန်မာအားကစားအဖွဲ့က ရွှေ(၃)ခု၊ ငွေ(၂၀)ခု၊ ကြေး(၃၈)ခုဖ...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဒီဇင်ဘာလ(၁၈)ရက်နေ့ ယှဉ်ပြိုင်မှုများ ပြီးဆုံးသွားချိန်တွင် မြန်မာအားကစားအဖွဲ့က ရွှေ(၃)ခု၊ ငွေ(၂၀)ခု၊ ကြေး(၃၈)ခုဖြင့် နိုင်ငံအလိုက် အဆင့်(၇)တွင် ရပ်တည်နေသည်။ အိမ်ရှင်ထိုင်းနိုင်ငံမှာ ရွှေတံဆိပ်(၁၉၇)ခုဖြင့် ဆုတံဆိပ်ဇယားကို ဦးဆောင်နေပြီး အင်ဒိုနီးရှားက ဒုတိယနှင့် ဗီယက်နမ်က တတိယနေရာတွင် အသီးသီးရပ်တည်နေကြသည်။ မြန်မာအားကစားအဖွဲ့အတွက် ဆုတံဆိပ်များကို-ပိုက််ကျော်ခြင်း+ခြင်းလုံး+ကွင်းသွင်းခြင်းခတ်မှ ရွှေ(၂)ခု၊ ငွေ(၃)ခု၊ ကြေး(၄)ခု၊ဘိလိယက်နှင့်စနူကာမှ ရွှေ(၁)ခု၊ ငွေ(၁)ခု၊ ကြေး(၃)ခု၊ဝူရှူးမှ ငွေ(၃)ခု၊ ကြေး(၂)ခု၊ကနူး+ရိုးရာလှေမှ ငွေ(၃)ခု၊ ကြေး(၄)ခု၊

တက်ဂ်ဘော မှ ငွေ(၂)ခု၊ ကြေး(၂)ခု ၊

ပြေးခုန်ပစ်မှ ငွေ(၂)ခု၊ကစ်ဘောက်ဆင်မှ ငွေ(၂)ခု၊

တိုက်ကွမ်ဒိုမှ ငွေ(၁)ခု၊ ကြေး(၅)ခု၊ဂျူဒိုမှ ငွေ(၁)ခု၊ ကြေး(၃)ခု၊ကရာတေးမှ ငွေ(၁)ခု၊ ကြေး(၁)ခု၊

ပီတန်းမှ ငွေ(၁)ခု၊မွေထိုင်းမှ ကြေး(၉)ခု၊

ရွက်လှေမှ ကြေး(၂)ခု၊စစ်တုရင်မှ ကြေး(၁)ခု

မြင်းစီးမှ ကြေး(၁)ခု ၊အလေးမမှ ကြေး(၁)ခု၊

တို့ အသီးသီးရယူခဲ့သည်။


news-view-count-icon

19