back

ပဲခူးမြို့ ရေကြီးနစ်မြှုပ်မှုနှင့် ကမ်းပြိုမှု ကာကွယ်နိုင်ရန် မြေထိန်းနံရံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Dec 19 • 2:07 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးမြို့ ရေကြီးနစ်မြှုပ်မှုနှင့် ကမ်းပြိုမှု ကာကွယ်နိုင်ရန် မြေထိန်းနံရံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ပဲခူးမြို့အတွင်း ရေကြီးနစ်မြှုပ်မှုဘေးမှ ကာကွယ်နိုင်ရန်အတွက် ပဲခူးမြို့မဈေးအနီးရှိ ပဲခူးတံတား ဝဲယာတစ်လျှောက်တွင် Bored Pile အခြေပြု ကျောက်/ကွန်ကရစ် မြေထိန်းနံရံ...

ပဲခူးမြို့အတွင်း ရေကြီးနစ်မြှုပ်မှုဘေးမှ ကာကွယ်နိုင်ရန်အတွက် ပဲခူးမြို့မဈေးအနီးရှိ ပဲခူးတံတား ဝဲယာတစ်လျှောက်တွင် Bored Pile အခြေပြု ကျောက်/ကွန်ကရစ် မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် သည် အဆိုပါ လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် မြို့အတွင်းသို့ ရေဝင်ရောက်နိုင်သည့် အနိမ့်ပိုင်းချောင်းများတွင် ရေတံခါးများ တပ်ဆင်နိုင်ရန် တိုင်းတာတွက်ချက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းအတိုင်း အချိန်မီပြီးစီးအောင် ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

13