စင်ကာပူ လူဝင်မှုကြီးကြပ်ရေး နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဒီဇင်ဘာ ၁၆ ရက်တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ သတ်မှတ်ရက်ထက် ကျော်လွန်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသည့် အသက် ၂၆ နှစ်မှ ၃၅ နှစ်ကြားရှိ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် နီပေါနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းမိသူများအနက် နီပေါအမျိုးသမီးမှာ မိခင်နိုင်ငံတွင် ပြစ်မှုကျူးလွန်ထားပြီး ရှောင်တိမ်းလာသူဖြစ်ကြောင်း သိရပြီး လက်ရှိတွင် MOM နှင့် ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေသည်။ စင်ကာပူဥပဒေအရ Overstay နေထိုင်သူအား နေရာငှားခြင်း၊ အလုပ်ပေးခြင်း သို့မဟုတ် မိသားစုဝင်ချင်းဖြစ်စေကာမူ ငွေကြေးထောက်ပံ့ကူညီခြင်းတို့သည် အားပေးအားမြှောက်ပြုမှုဖြင့် ထောင်ဒဏ် ၆ လမှ ၂ နှစ်အထိနှင့် ဒဏ်ငွေအနည်းဆုံး ၆,၀၀၀ စလုံးဒေါ်လာ ချမှတ်ခံရနိုင်သဖြင့် အိမ်ငှားရမ်းသူများနှင့် မိတ်ဆွေများအနေဖြင့် အထူးသတိပြုရန် လိုအပ်လျက်ရှိသည်။
Dec 19 • 1:50 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 7 | 0 | 0 | 0 |


