ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်တွင် ဒီဇင်ဘာလ ၁၈ ရက် နံနက်ပိုင်းက ကင်းလှည့်နေသည့် ထိုင်းအာဏာပိုင်များသည် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၃ ဦး (အမျိုးသား ၃၀၊ အမျိုးသမီး ၉ နှင့် လူငယ် ၄ ဦး) ကို တောစပ်တစ်နေရာ၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့သည် ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားပြီး လက်ရှိတွင် စံခလဘူရီရဲစခန်း၌ ထိန်းသိမ်းကာ ဥပဒေအရ အရေးယူပြီးပါက နေရပ်ပြန်လည်ပို့ဆောင်သွားမည်ဖြစ်သည်။ ထိုင်းအစိုးရက ဘတ်ပန်းရောင်လက်မှတ်များ ထုတ်ပေးနေသည့်ကာလအတွင်း နယ်စပ်မှ နည်းလမ်းမျိုးစုံဖြင့် ခိုးဝင်မှုများပြားနေသဖြင့် ထိုင်းအာဏာပိုင်များက လုံခြုံရေး တင်းကြပ်စွာဖြင့် နေ့စဉ်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၃ ဦး ကန်ချနဘူရီခရိုင်၌ ထပ်မံဖမ်းဆီးခံရ
Dec 19 • 1:49 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


