၃၃ ကြိမ်မြောက် ၂၀၂၅ ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဗီယက်နမ်အသင်းသည် အိမ်ရှင်ထိုင်းအသင်းကို အချိန်ပို၌ ၃ ဂိုး - ၂ ဂိုး ရလဒ်ဖြင့် အနိုင်ရရှိကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးသွားခဲ့သည်။ ပွဲဦးထွက်တွင် ထိုင်းအသင်းက ၂ ဂိုး - ၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဗီယက်နမ်က ဒုတိယပိုင်းတွင် အံ့အားသင့်ဖွယ် ချေပဂိုးများ ပြန်လည်သွင်းယူကာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး၊ မလေးရှားအသင်းက တတိယ ကြေးတံဆိပ် ရရှိခဲ့သည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်မူ ဖိလစ်ပိုင်က ရွှေ၊ ဗီယက်နမ်က ငွေနှင့် ထိုင်းက ကြေးတံဆိပ် အသီးသီး ရရှိခဲ့ကြပြီး၊ မြန်မာအမျိုးသားနှင့် အမျိုးသမီးအသင်းနှစ်ခုလုံးမှာမူ အုပ်စုအဆင့်ဖြင့်သာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရကြောင်း သိရသည်။
Dec 19 • 1:28 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


