back

ထိုင်းတွင် စက်ရုံထဲ အာဏာပိုင်များဝင်စစ်၊ မြန်မာလုပ်သား ၁၀ဦး ဖမ်းဆီးခံရ

Dec 18 • 3:55 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် စက်ရုံထဲ အာဏာပိုင်များဝင်စစ်၊ မြန်မာလုပ်သား ၁၀ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ရယွန်ခရိုင်ရှိ စက်ရုံတစ်ရုံထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၀ ဦးအပါအဝင် ရွှေ့ပြောင်း အလုပ်သမား ၈၀ ခန့် ဖမ်းဆီးခံရကြောင်း ရယွ...

ထိုင်းနိုင်ငံ၊ ရယွန်ခရိုင်ရှိ စက်ရုံတစ်ရုံထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၀ ဦးအပါအဝင် ရွှေ့ပြောင်း အလုပ်သမား ၈၀ ခန့် ဖမ်းဆီးခံရကြောင်း ရယွန်လဝကရုံးက ယနေ့ ဒီဇင်ဘာလ ၁၈ရက်တွင် ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၇ ရက်က ပလွန့်ဒေ့ဒေသရှိ Heung Sung Electronics စက်ရုံထဲသို့ ထိုင်းအာဏာပိုင်များက ကွင်းဆင်း စစ်ဆေးခဲ့စဉ် တရားမဝင် လုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ စက်ရုံထဲ အလုပ်လုပ်ခွင့်လက်မှတ်မရှိသော နိုင်ငံခြားသားအလုပ်သမား ၆၁ ဦးနှင့် အလုပ်ရှင် ပြောင်းရွှေ့လုပ်ကိုင် နေသည်ကို ၁၅ ရက်အတွင်း အကြောင်းမကြားထားသော အလုပ်သမား ၁၇ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။



news-view-count-icon

7