back

အမူးလွန်နေသည့် ထိုင်းအမျိုးသားက ဇနီးကို တံမြက်စည်းဖြင့် ရိုက်နှက် သတ်ဖြတ်

Dec 18 • 3:54 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

အမူးလွန်နေသည့် ထိုင်းအမျိုးသားက ဇနီးကို တံမြက်စည်းဖြင့် ရိုက်နှက် သတ်ဖြတ်

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ငှားရမ်းနေထိုင်သည့် အခန်းအတွင်း၌ ဇနီးဖြစ်သူအား တံမြက်စည်းရိုးဖြင့် ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ထိုင်းအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဒီဇ...

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့တွင် ငှားရမ်းနေထိုင်သည့် အခန်းအတွင်း၌ ဇနီးဖြစ်သူအား တံမြက်စည်းရိုးဖြင့် ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ထိုင်းအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၇ ရက်တွင် ဖမ်းဆီးလိုက်သည်။ညဖူးခက် မစ်ရှင်ဆေးရုံမှ တာဝန်ရှိသူများက အသက် ၅၁ နှစ်အရွယ် ထိုင်းအမျိုးသမီး ကိုင် (Kai) သည် အိမ်တွင်းအကြမ်းဖက်မှုကြောင့်ဟု ယူဆရသော ပြင်းထန်သည့် ဒဏ်ရာများဖြင့် ဆေးရုံတက်လာကြောင်း အကြောင်းကြားခဲ့ပြီးနောက် ဖူးခတ်မြို့နယ်ရဲစခန်းမှ အရာရှိများက အမှုကို စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် အရေးပေါ် ကုသမှုများ ပြုလုပ်ပေးခဲ့သော်လည်း ရရှိထားသော ဒဏ်ရာများကြောင့် နောက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။




news-view-count-icon

18