ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပိမ်းပိကျေးရွာမှာ ကမ္ဘာ့ရှားပါးမျိုးစိတ်စာရင်းဝင်တဲ့ အင်းကျား ( Clouded Leopard ) နှစ်ကောင်ကို ဒေသခံတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ တောင်ယာတောထဲကို ၀င်လာတဲ့ Clouded Leopard တွေကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Clouded Leopard တွေဟာ ကိုယ်အပေါ်မှာ မိုးတိမ်လို အကွက်ကြီးတွေရှိပြီး တောင်တန်း၊ သစ်တောဒေသ တွေမှာ နေထိုင်တတ်ပါတယ်။ ကမ္ဘာမှာ မျိုးတုံး ပျောက်ကွယ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ မျိုးစိတ်ဖြစ်ပြီး ဥပဒေအရ ကာကွယ်ထားတဲ့ တိရစ္ဆာန် ဖြစ်ပြီး ဖမ်းခြင်း၊ သတ်ခြင်း၊ ရောင်းချခြင်းတွေက တရားမဝင်ပါဘူး။ အလွန်ရှားပါးပေမယ့် မြန်မာနိုင်ငံမှာ တောင်တန်းအများအပြားရှိတဲ့ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်တောင်တန်းဒေသတွေမှာ တွေ့ရနိုင်တယ်လို့ သုတေသနနဲ့ သစ်တောဦးစီးဌာန မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။



