back

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာ အနီးရှိ Shunda Park နေရာရှိ ကျားဖြန့်ငွေလိမ်ခြံဝင်းအား ချိတ်ပိတ်လိုက်

Dec 18 • 2:48 PM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာ အနီးရှိ Shunda Park နေရာရှိ ကျားဖြန့်ငွေလိမ်ခြံဝင်းအား ချိတ်ပိတ်လိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာ အနီးရှိ Shunda Park နေရာတွင် ရာဇဝတ်လုပ်ငန်းများ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့်အများပြည်သူ အကျိုးစီးပွား အသုံးပြုနိုင...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မင်းလက်ပံကျေးရွာ အနီးရှိ Shunda Park နေရာတွင် ရာဇဝတ်လုပ်ငန်းများ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့်အများပြည်သူ အကျိုးစီးပွား အသုံးပြုနိုင်ရေးအတွက် ၎င်း ကျားဖြန့်ငွေလိမ်ခြံဝင်းအား ချိတ်ပိတ်လိုက် မနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ထိုကာလအတွင်း နှစ်အတန်ကြာ လည်ပတ်ခဲ့သော နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပြီး ကွန်ပျူတာ၊ လက်ကိုင်ဖုန်း စသည့် နည်းပညာဆိုင်ရာ သက်သေခံပစ္စည်းများကို သိမ်းဆည်းခဲ့ ကြောင်းထုတ်ပြန်ထားသည်။ထို့အပြင်သက်သေခံပစ္စည်းအချို့ကို သက်ဆိုင်ရာ အွန်လိုင်းငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေး အာဏာပိုင်များထံ လွှဲပြောင်းပေးပြီးဖြစ်ကြောင်း သိရသည်။Shunda Park ငွေလိမ်ခြံဝင်းကို ချိတ်ပိတ်သိမ်းပြီးနောက် ယင်းနေရာကို အနာဂတ်တွင် အများပြည်သူအကျိုးစီးပွားအတွက်သာ အသုံးပြုမည်ဖြစ်ပြီး၊ ဒေသခံပြည်သူနှင့် ခေါင်းဆောင်များနှင့် တိုင်ပင်ကာ ပွင့်လင်းမြင်သာစွာ တာဝန်ယူဆောင်ရွက်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။





news-view-count-icon

14