back

အိမ်သာအနီးသွားတိုက်တံထားရှိခြင်းသည် ကျန်းမာရေးအရဘေးကင်းစိတ်ချရခြင်းမရှိ

Dec 18 • 4:40 AM

breaking-news

မြန်မာ

ပြည်ပ

breaking-news
cover

အိမ်သာအနီးသွားတိုက်တံထားရှိခြင်းသည် ကျန်းမာရေးအရဘေးကင်းစိတ်ချရခြင်းမရှိ

အိမ်သာအနီးမှာ သွားတိုက်တံထားရှိခြင်းက မသင့်လျော်ဘူးလို့ ယူဆထားသလို သိပ္ပံနည်းအရလည်း သတိပေးလာပါတယ်။ ဘိုထိုင်အိမ်သာအနီးမှာ သွားတိုက်တံ ထားရှိခြင်းဟာ ပတ်ဝန်းကျင်ည...

အိမ်သာအနီးမှာ သွားတိုက်တံထားရှိခြင်းက မသင့်လျော်ဘူးလို့ ယူဆထားသလို သိပ္ပံနည်းအရလည်း သတိပေးလာပါတယ်။ ဘိုထိုင်အိမ်သာအနီးမှာ သွားတိုက်တံ ထားရှိခြင်းဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတစ်မျိုးနဲ့ ထိတွေ့စေတယ်လို့ သုတေသီတွေ မှတ်ချက်ပြုလာပါတယ်။ အိမ်သာရေဆွဲချတိုင်းမှာ လေထဲသို့ထွက်လာတဲ့ အလွန်သေးငယ်တဲ့ အမှုန်တွေ ပျံ့နှံ့သွားပါတယ်။ ဒီအမှုန်တွေထဲမှာ ဘက်တီးရီးယားနဲ့ အညစ်အကြေးအရာတွေမှ ရောက်လာတဲ့ အဏုဇီဝပိုးမွှားပါဝင်နိုင်ပြီး ထိတွေ့သမျှအရာကို ဘေးအန္တရာယ် ဖြစ်စေတတ်ပါတယ်။ အမှုန်တွေဟာ အပေါ်နဲ့ အပြင်ဘက်သို့ ပေအတော်များများအထိ လွှင့်စင်နိုင်ပြီး အနီးအနားက သွားတိုက်တံတွေဆီလည်း ရောက်ရှိသွားနိုင်တယ်လို့ ဆိုပါတယ်။

news-view-count-icon

14