၂၀၂၅ ထိုင်းဆီးဂိမ်းစ်ရွက်လှေပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာအမျိုးသားရွက်လှေအသင်းဟာ ဒီဇင်ဘာ (၁၇) ရက် Race-7 အပြီး ပြိုင်ပွဲဝင်နိုင်ငံများထဲ အဆင့် (၃) နေရာမှာ ရပ်တည်နေကြောင်း သိရပါတယ်။ ပြိုင်ပွဲကို (၄) ရက်ယှဥ်ပြိုင်ရမှာဖြစ်ပြီး မနက်ဖြန် (ဒီဇင်ဘာ ၁၈) မှာ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များအတွက် နောက်ဆုံးနေ့အဖြစ် Race-8 ကို ဆက်လက်ယှဥ်ပြိုင်ကြရမှာဖြစ်ပါတယ်။ (ဒီဇင်ဘာ ၁၇) မှာ Race-6 နဲ့ Race-7 တို့ကို ယှဥ်ပြိုင်ခဲ့ကြပြီး မြန်မာအမျိုးသားရွက်လှေအသင်းက Race-7 မှာ ဒုတိယနေရာ ရရှိခဲ့ပါတယ်။ Race-7 အပြီး (၃) ရက်တာ အမှတ်အားလုံးပေါင်းရာမှာ မြန်မာအမျိုးသားရွက်လှေအသင်းက အိမ်ရှင်ထိုင်း၊ မလေးရှားအသင်းတို့ရဲ့အောက် အဆင့် (၃) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။မြန်မာအမျိုးသားရွက်လှေအသင်းဟာ ယနေ့မှာ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များအတွက် အဆုံးအဖြတ်အဖြစ် Race-8 ကို ဆက်လက်ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။



