back

ချင်းတောင်ထွက် ထောပတ်များ ဒီဇင်ဘာလ ထဲမှာ မီဇိုရမ်ကို တင်ပို့ရာ ဈေးပိုရလာ

Dec 18 • 2:56 AM

breaking-news

မြန်မာ

ချင်း

cover

ချင်းတောင်ထွက် ထောပတ်များ ဒီဇင်ဘာလ ထဲမှာ မီဇိုရမ်ကို တင်ပို့ရာ ဈေးပိုရလာ

မီဇိုရမ်ပြည်ကိုတင်ပို့တဲ့ ချင်းတောင်ထွက် ထောပတ်များ ထောပတ်သီးများ စတင် ဆွတ်ခူးတဲ့ နိုဝင်ဘာလ အစောပိုင်း ထက် ဒီဇင်ဘာလ မှာ ဈေးပို ရလာပြီး အသီးကောင်းသည့် ထောပတ် ၁လု...

မီဇိုရမ်ပြည်ကိုတင်ပို့တဲ့ ချင်းတောင်ထွက် ထောပတ်များ ထောပတ်သီးများ စတင် ဆွတ်ခူးတဲ့ နိုဝင်ဘာလ အစောပိုင်း ထက် ဒီဇင်ဘာလ မှာ ဈေးပို ရလာပြီး အသီးကောင်းသည့် ထောပတ် ၁လုံးကို ကျပ် ၁ ထောင် အထိ ပေးဝယ် လာခဲ့တယ် လို့ တီးတိန်မြို့နယ် နေ ထောပတ် တောင်သူများ ထံမှ သိရှိရ ပါတယ်။ ချင်းတောင်ထွက် ထောပတ်သီး အားလုံးကို အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ကို တင်ပို့ ရောင်းချ ခဲ့ရခြင်း ဖြစ်ကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး အသေချာတာကြောင့် ပြည်မဘက်ကို တင်ပို့ နိုင်ခြင်း မရှိကြောင်း၊ မီဇိုရမ် ပြည်နယ်ရှိ ဒိုင်များရဲ့ ဝယ်ယူတဲ့ ဈေး အနည်းအများကို လိုက်ပြီး ချင်းတောင် ကနေ ထောပတ်သီးများ ရှာဖွေ စုဆောင်းရကြောင်း၊ ဆောင်းလယ် ပိုင်းတွင် မီဇိုရမ် ပြည်နယ်ဘက်က အဝယ်ဒိုင်များ ပိုမို ဝယ်ယူလာတာကြောင့် ဒေသခံများထံမှ ဈေးကောင်းနဲ့ ဝယ်ယူ စုဆောင်း နိုင်ခဲ့ကြောင်း ထောပတ် ဝယ်ရောင်း လုပ်သူ တဦး ထံမှ သိရှိရပါတယ်။ "၁ လုံးကို ကျပ် ၄၀၀ နှင့် ၆၀၀ ကြား ပေးဝယ် ကြတယ်။ အခု ဈေးကောင်းလာတော့ ရွာမှာ ထောပတ်သီး ပြတ်သွားပြီ” လို့ တီးတိန်မြို့နယ်မှ အိန္ဒိယ နယ်စပ်နဲ့ နီးတဲ့ ရွာသား တစ်ဦးက ပြောပြပါတယ်။

news-view-count-icon

17