အသက် ၃၉ နှစ်အရွယ် ဉရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က အင်တာမိုင်ယာမီအသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်ထပ်တိုးခဲ့ပါတယ်။စာချုပ်သစ်ကြောင့် ဆွာရက်ဇ်က ၂၀၂၆ မေဂျာလိဂ်ရာသီမှာ အင်တာမိုင်ယာမီအသင်းနဲ့အတူဆက်ရှိနေမှာဖြစ်ပါတယ်။ဆွာရက်ဇ်က အင်တာမိုင်ယာမီအသင်းကို ၂၀၂၄ ခုနှစ်မှာရောက်လာသသူလည်းဖြစ်ပါတယ်။ဆွာရက်ဇ်က ၂၀၂၅ ခုနှစ်အတွင်းမှာ အင်တာမိုင်ယာမီအသင်းအတွက် ၁၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၇ ကြိမ်ပြုလုပ်ခဲ့ပါတယ်။အင်တာမိုင်ယာမီအသင်းမှာ ဆွာရက်ဇ်က ဘာစီလိုနာအသင်းဖော်ဟောင်း မက်ဆီ၊ ဘူးစကွက်စ်၊ အယ်လ်ဘာတို့နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။အယ်လ်ဘာနဲ့ ဘူးစကွက်စ်တို့က ကစားသမားဘဝကအနားယူသွားချိန်မှာ ဆွာရက်စ်က မက်ဆီရဲ့အသင်းဖော်အဖြစ်ဆက်ရှိနေခဲ့တာပါ။
| 27 | 0 | 0 | 0 |


