back

ကရင်ပြည်နယ်၊ဘားအံတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၌ စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ် အပ်နှင်း

Dec 18 • 2:52 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ဘားအံတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ၌ စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ် အပ်နှင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးနှင့်မွေး...

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဘားအံ) ၏ အဋ္ဌမအကြိမ် စိုက်ပျိုးရေးဒီပလိုမာနှင့်ပထမအကြိမ် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ထိ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ ကျောင်းသား၊ ကျောင်းသူ (၄၂၇) ဦးနှင့် မွေးမြူရေးဒီပလိုမာလက်မှတ်ရ ကျောင်းသူ (၁) ဦးကို စိုက်ပျိုးမွေးမြူရေးနယ်ပယ်အတွက် အင်အားသစ်များ မွေးထုတ်ပေးနိုင်ခဲ့တာ ဖြစ်ပါသည်။အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်လက်မှတ် စိုက်ပျိုးရေးဒီပလိုမာ ပွဲတက်ရယူသူ ၅၅ ဦးနှင့် အဝေးရောက်ဒီပလိုမာရယူသူ ၈ ဦး၊ အဝေးရောက်မွေးမြူရေးဒီပလိုမာအောင်လက်မှတ်ရယူသူ (၁) ဦး စုစုပေါင်း ၆၄ ဦးကို စဒီပလိုမာအောင်လက်မှတ် အပ်နှင်းပြီး အပ်နှင်းပြီးသောဒီပလိုမာစာရင်းကို ကျောင်းအုပ်ကြီးက လက်မှတ်ရေးထိုးခဲ့ပါသည်။

news-view-count-icon

13