M7 နီးပါး ဆုကြေး $900,000 အထိ ချီးမြှင့်မယ့် Games of The Future 2025 ကို ဒီနေ့စတင်ပါတော့မယ်။ အရင်နှစ်တွေတုန်းက ရုရှားမှာကျင်းပခဲ့တာတွေထက် အခု UAE မှာကျင်းပတာက ပိုမိုခမ်းနားမယ်လို့လည်း မျှော်လင့်မိပါတယ်။မြန်မာကိုယ်စားပြုအသင်းအဖြစ် MythicSEAL ကယှဉ်ပြိုင်မှာဖြစ်ပြီး အုပ်စုအဆင့်မှာ AURORA TKY, Team Max, Zeta Division တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။Games of The Future 2025 ရဲ့ Format ကတော့ အုပ်စုအဆင့် Double Elimination နဲ့ကစားရပါမယ်။ အနည်းဆုံးတစ်ပွဲနိုင်ရင် Knockout Stage ကိုတက်ပါမယ်။ အသင်း ၄ သင်းမှာ၊ 2-0, 2-1, 2-1, 0-2 ရလဒ်ထွက်လာမှာဖြစ်ပြီး 0-2 အသင်းကထွက်ရမှာလည်းဖြစ်ပါတယ်။2-0 အသင်းက Quarterfinals အဆင့်ကိုတက်ရမှာဖြစ်ပြီး 2-1 ၂ သင်းက Play-Ins အဆင့်မှာ အရင်ကစားရပါမယ်။Knockout Stage ပွဲစဉ်တွေအားလုံး Best of 3 ဖြစ်ပြီး Grand Final က Best of 5 ဖြစ်ပါတယ်။ဒီ Games of The Future 2025 မှာ အင်အားကြီးအသင်းတွေအဖြစ် ONIC ID, AURORA PH, Team Spirit, RRQ Hoshi တို့ပါဝင်ပြီး စိတ်ဝင်စားစရာကောင်းတဲ့အသင်းတွေကတော့ Verso Time, DFYG, AURORA TKY, Team Vamos, Homebois တို့ ဖြစ်ပါတယ်။



