ပြည်တွင်းတွင် လက်ရှိမှာ ခိုင်းနွားနဲ့ ကျွဲစျေးကွက်မှာ ကျွဲတစ်ကောင်ကို ၁၂ သိန်း ကျပ်မှ သိန်း ၅၀ လောက်အထိ စျေးတန်းရှိနေပြီး အကောင်အကြီး ၊ အသေးစတဲ့ အချက်အလက်အပေါ်လိုက်ပြီး စျေးနှုန်း ကွာခြားမှုရှိတယ်လို့ သိရပါတယ်။လယ်ယာလုပ်ငန်းခွင်မှာ အသုံးပြုဖို့ မသင့်လျော်တော့တဲ့ ခိုင်းနွားနဲ့ ကျွဲတွေကို သားသတ်ရုံတွေက အဝယ်လိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။အသားစျေးနဲ့ လယ်ယာလုပ်ငန်းခွင်သုံး နွားတွေနဲ့ ကျွဲအရှင်စျေးကွက်က ချိတ်ဆက်နေတာဖြစ်တဲ့အတွက် လက်ရှိမှာ လယ်ယာလုပ်ငန်းခွင်သုံး နွားတွေနဲ့ ကျွဲ အရှင် စျေးနှုန်းကလည်း မြင့်တက်လာနေတယ်လို့ သိရပါတယ်။
Dec 18 • 2:04 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


