back

Intercontinental Cup မှာ ပယ်နယ်တီနဲ့ ဗိုလ်စွဲခဲ့တဲ့ PSGအသင်း

Dec 18 • 1:05 AM

breaking-news

မြန်မာ

ပြည်ပ

cover

Intercontinental Cup မှာ ပယ်နယ်တီနဲ့ ဗိုလ်စွဲခဲ့တဲ့ PSGအသင်း

PSG အသင်းက Intercontinental Cup ဗိုလ်လုပွဲမှာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်စွဲနိုင်ခဲ့ပါတယ်။နည်းပြ အန်နရီကေး မဆုံချင်ဘူ...

PSG အသင်းက Intercontinental Cup ဗိုလ်လုပွဲမှာ ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်စွဲနိုင်ခဲ့ပါတယ်။နည်းပြ အန်နရီကေး မဆုံချင်ဘူးပြောထားတဲ့ ဖလာမင်ဂိုအသင်းက PSG အသင်းကို ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်စေခဲ့တယ်။PSG အသင်းဟာ အခုပွဲ line-up မှာ အူစမန်ဒမ်ဘီလီ မပါခဲ့ပေမဲ့ လူစုံနီးပါး ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။PSG အနေနဲ့ ၃၈ မိနစ်မှာ ခါဗာရာဆကယ်လီယာရဲ့ဂိုးနဲ့ ဦးဆောင်ခဲ့ပေမဲ့ ချယ်လ်ဆီးနဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဂျော်ဂျင်ဟိုက ၆၂ မိနစ်မှာ ပယ်နယ်တီကနေ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ပယ်နယ်တီမှာ PSG ဂိုးသမား ဆာဖိုနော့ဗ်က မယုံနိုင်လောက်အောင် ပယ်နယ်တီ လေးလုံးအထိ လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။PSG အသင်းဟာ အခုနှစ်အတွင်း ချန်ပီယံလိဂ်၊ ပြင်သစ်အမှတ်ပေး၊ ပြင်သစ်ဖလား၊ ပြင်သစ်စူပါဖလား၊ ဥရောပစူပါဖလားနဲ့ အခု Intercontinental Cup ဖလားတွေစတဲ့ ဖလားခြောက်လုံးအထိ ရယူနိုင်ခဲ့ပါတယ်။

news-view-count-icon

21