ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဖိလစ်ပိုင်က ဗီယက်နမ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်ပြီး ရွှေတံဆိပ် ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီ ရွှေတံဆိပ်က ဖိလစ်ပိုင်အမျိုးသမီးဘောလုံးသမိုင်းတလျှောက် ပထမဆုံး ရယူနိုင်ခဲ့တဲ့ ဆုတံဆိပ်လည်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်အသင်းဟာ ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက်မှာ မြန်မာအမျိုးသမီးအသင်းတစ်သင်းတည်းကိုပဲ ရှုံးခဲ့ပြီး အာဆီယံထိပ်သီးအသင်းတွေဖြစ်တဲ့ အိမ်ရှင် ထိုင်း၊ ဗီယက်နမ်တို့ကို ကျော်ဖြတ်ပြီး ရွှေတံဆိပ်ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။



