back

ရုပ်ရှင်ဆိုင်ရာလုပ်ငန်းများ လိုင်စင်ရယူရန်အသိပေး

Dec 17 • 3:42 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရုပ်ရှင်ဆိုင်ရာလုပ်ငန်းများ လိုင်စင်ရယူရန်အသိပေး

ရုပ်ရှင်ဆိုင်ရာလုပ်ငန်းတွေဖြစ်တဲ့ ရုပ်ရှင်သင်တန်းကျောင်းဖွင့်လှစ်တာ၊ ရုပ်ရှင်ရိုက်ကူးရေးသုံးပစ္စည်းတွေငှားရမ်း တာ၊ ရုပ်ရှင်ထုတ်လုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်...

ရုပ်ရှင်ဆိုင်ရာလုပ်ငန်းတွေဖြစ်တဲ့ ရုပ်ရှင်သင်တန်းကျောင်းဖွင့်လှစ်တာ၊ ရုပ်ရှင်ရိုက်ကူးရေးသုံးပစ္စည်းတွေငှားရမ်း တာ၊ ရုပ်ရှင်ထုတ်လုပ်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်တာ၊ ရုပ်ရှင်စတူဒီယိုတည်ထောင်လုပ်ကိုင်တာ၊ ရုပ်ရှင်ကား အရုပ်/အသံ ကူးပြောင်းမှုနဲ့ အထူးပြုချက်တွေဆောင်ရွက်တာ၊ အွန်လိုင်းရုပ်ရှင်ရုံတည်ထောင်တာ၊ အက်ပလီကေးရှင်းတွေအသုံးပြုပြီး ရုပ်ရှင်ကားထုတ်လွှင်ပြသတာ၊ အွန်လိုင်းပလက်ဖောင်းတွေအသုံးပြုပြီး ရုပ်ရှင် ကားထုတ်လွှင့်ပြသတာစတဲ့ လုပ်ငန်းတွေအနေနဲ့ လိုင်စင်တွေရယူပြီးမှ လုပ်ဆောင်ရမယ်လို့ ပြန်ကြားရေးဝန်ကြီး ဌာနက ဒီဇင်ဘာ(၁၇)ရက်မှာ အသိပေးကြေညာချက်ထုတ်ပြန်ပါတယ်။ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့လည်း ရုပ်ရှင်ဥပဒေပုဒ်မ ၄၉ ပုဒ်မခွဲ(က)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကိုကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောတူညီချက်နဲ့ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ(၃)ရက်မှာ အမိန့်ကြေညာစာအမှတ် ၁၄၉/၂၀၂၅ နဲ့ ရုပ်ရှင်နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများကို ထုတ်ပြန် ပြီးဖြစ်တယ်လို့ကြေညာချက်အရသိရပါတယ်။အဲဒီနည်းဥပဒေတွေအရ မူလရုပ်ရှင်လုပ်ငန်းအမျိုးအစား(၈)မျိုးအပြင် အခုထုတ်ပြန်လိုက်တဲ့ ရုပ်ရှင်ဆိုင်ရာ လုပ်ငန်းတွေကိုလည်း ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနကို လုပ်ငန်းလိုင်စင်တွေ လျှောက်ထားရ ယူပြီးမှဆောင်ရွက်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။




news-view-count-icon

16