back

အင်းတကော်မြို့ လူသတ်လုယက်ခဲ့သူ အမျိုးသားကို မသေမချင်းလည်ပင်းကြိုးကွင်းစွပ် သတ်ရန်အမိန့်ချ

Dec 17 • 3:41 PM

breaking-news

မြန်မာ

ကချင်

cover

အင်းတကော်မြို့ လူသတ်လုယက်ခဲ့သူ အမျိုးသားကို မသေမချင်းလည်ပင်းကြိုးကွင်းစွပ် သတ်ရန်အမိန့်ချ

၂၀၂၄ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ ညနေ (၄)နာရီခန့် အချိန်တွင် သေဆုံးခဲ့သူ မိုးစက်အောင် (ခ)မိုးစက် မှာ ဆိုင်ကယ်ကယ်ရီဆွဲရန် နေအိမ်မှထွက်သွားပြီး နေအိမ်သိုပြန်ရောက်မလာဘဲ ...

၂၀၂၄ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့ ညနေ (၄)နာရီခန့် အချိန်တွင် သေဆုံးခဲ့သူ မိုးစက်အောင် (ခ)မိုးစက် မှာ ဆိုင်ကယ်ကယ်ရီဆွဲရန် နေအိမ်မှထွက်သွားပြီး နေအိမ်သိုပြန်ရောက်မလာဘဲ ပျောက်ဆုံးနေခဲ့ပါတယ်။လိုက်လံရှာတွေရာတွင် ဩဂုတ် ၃၁ ရက်နေ့ နံနက်(၈)နာရီခွဲ အချိန်တွင် မိုးစက်အောင် (ခ) မိုးစက် အလောင်းကို အင်းတကော်မြို့ အမှတ် (၆) ရပ်ကွက် တောင်သုံးလုံးသွားကားလမ်း စာသူငယ်ကျေးရွာရှိ ရွှေမင်းဝံသာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းဝန်း မဟာဗောဓိပင်မြောက်ဘက်ရှိ ရေအိုင်အတွင်း ထိုးသွင်း ပြတ်ရှဒဏ်ရာများနှင့် ပက်လက်အနေအထားဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြပါတယ်။အလောင်းကိုတွေ့ရှိခဲ့ပေမယ့် Haojue အမျိုးအစား နီနက်ရောင်ဆိုင်ကယ် နှင့် Mi အမျိုးအစား အပြာရောင် ဖုန်းတို့ ပျောက်ဆုံးနေတဲ့အတွက် သားဖြစ်သူအား သတ်ပြီး ဆိုင်ကယ် ဖုန်း နှင့် ပိုက်ဆံတို့ကို လုယူသွားခဲ့ သူများကို အရေးယူပေးပါရန် အင်းတကော်နယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ကြပါတယ်။ပြစ်မှုကျူးလွန်သူများ ထွက်ဆိုချက်အရ ခမိတ်စျေးလမ်းဆုံရှိ ဆိုင်ကယ်ကယ်ရီဂိတ်မှ မိုးစက်အောင် ကို ရွှေမင်းဝံဘုန်းကြီးကျောင်းအတွင်းရှိ မဟာဗောဓိညောင်ပင်သို ကယ်ရီငှားရမ်းခဲ့ပြီး မဟာဗောဓိညောင်ပင် အနီးတွင် မိုးစက်အောင်ကို သတ်ခဲ့ကာ အလောင်းကိုတော့ ရေအိုင်အတွင်းဆွဲချထားခဲ့ပြီး ဆိုင်ကယ် ဖုန်းနှင့် ပိုက်ဆံတို့ကို လုယူခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။လူသတ်လုယက်ခဲ့သူ အောင်သက်ပိုင် ကို ယနေ့ ဒီဇင်ဘာ ၁၆ ရက် ယနေ့တွင် ပဲခူးခရိုင်တရားရုံးမှ ရာဇ သတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ) အရ သေဒဏ်ကျခံစေရန်နှင့် မသေမချင်း လည်ပင်းကြိုးကွင်းစွပ် သတ်စေရန် အပြီးသတ်အမိန့်ချမှတ်ခဲ့ပါတယ်။




news-view-count-icon

8